..:: ကြိုဆိုပါ၏ ::..

အချစ်ဆိုတာ ဒါပဲလား

Wednesday, February 25, 2009


ကံကြမ္မာအလှည့်အပြောင်း အတည့်အစောင်းကြားမှာ
ရိုးသားမှုရှေးရှုကာ ကြိုးစားရင်း ဘ၀သစ်တစ်ခုကို ရပ်တည်ခဲ့
ကံကောင်းထောင်းမ တောင်းတခြင်းကင်းမဲ့ ၊ မတွေးထင် တွေ့မြင်ခဲ့သူ့မျက်နှာ
ဘာကြောင့်တောင် ဒီလောက်များ ၊ မကြုံဘူး ငါ့ရင်အစုံ တစ်ဒိတ်ဒိတ်ခုန်လို့
ကိုယ့်ကိုကိုယ် စမ်းစစ် ၊ မှန်းရင်းကြည့်တော့
အော် ! အချစ်ဆိုတာ ဒါပဲလား
ရိုးသားစွာ ၀န်ခံ မကြုံဘူး ဒီအဖြစ် အချစ်ကို အရင်ကကြားဖူးတာ
ပူလောင်တယ်သူတို့ပြော ၊ တစ်ကယ်ကော ဟုတ်လို့လား
မယုံဘူးချစ်ခဲ့မိ ၊ သူမသိတစ်ယောက်တည်း ၊ တိတ်တိတ်ပဲ ချစ်ခဲ့တာ
ဒီလိုနဲ့နေခဲ့မိ သူ မသိရက်တွေကြာ ၊ မနေနိုင် ငါ့ ရင်အစိုင်မှာ
သူ့ရဲ့ထံ ဖုန်းဆက်ရန် ၊ တောင်းဆိုမှုတစ်ခု ငါ ပြုဖို့ ဆုံဖြတ်တာ
သူ့ထံသို့ဖုန်းဆက်ကာ ၊ တယ်လီဖုန်း Ring tone နဲ့ ရင်ခုန်နှုန်း တစ်ဒုန်းဒုန်း
ရောနှောကာဆူညံ ၊ သူ့ထံမှ အသံအား မျှော်လင့်ကာ စောင့်စားရင်း
ကြားခဲ့ရသူ့အသံ ' Hello ' ..... ငြိမ့်ငြောင်းတဲ့သူ့အသံ
ငါ့ရင်ထဲ ပြောင်းဆန် ၊ ပြောမိခဲ့ ငါ့စကား ဘာများလဲ ငါမသိ
သူ့ သိက္ခာငဲ့ကွက် ၊ သူနဲ့ငါ မိတ်ဆွေဖွဲ့ကာ ရင်ထဲက ချစ်စကား
သိမ်းဆည်းကာထားခဲ့...အချိန်တန် အိပ်မယ်ကြံတော့
ဘာကြောင်မို့ ဒီလောက်များ သူ့ကိုငါသတိရ......အိပ်လို့မရ တမ်းတကာ
ပို့ခဲ့ပြန် ' SMS ' နဲ့ ' How are you ? '
သူလက်ခံ အကြောင်းပြန်ခဲ့ ' I `m fine ! '
ပျော်လိုက်တာငါ့ရင်ထဲ ဘာဖြစ်မှန်း ငါမသိ ၊ ငါ့ ရင်အစုံ တစ်ဒုန်းဒုန်းခုန်ပြန်
သိလိုက်ရအခုမှ ....သြော်....သူတို့ပြောတဲ့ အချစ်ဆိုတာ ဒါပဲလား ....?
ဒီလိုနဲ့ ရက်တွေကြာ ၊ သူနဲ့ငါရင်းနှီး သိမ်းဆည်းထားစကားခွန်းအား
ရှင်းရှင်းကြီးပြောလိုက်မိ( မင်းကို အရမ်းချစ်တယ် ) ...ဒီစကားသူကြား
ဒီလိုနဲ့ အကြောင်းပြန် သူထံမှ ' Sms ' ငါဖတ်ရင်း တွေးတောကာ သူ့မျက်နှာ
ဖြစ်ပေါ်ခဲ့ ငါ့ရင်ထဲ ၊ပူလောင်ခြင်း ဒီ အသိ ၊ ရင်ညွန့် ထိရောက်သွား....
သြော်....သူတို့ပြောတဲ့ အချစ်ဆိုတာ ဒါပဲလား......
ငါကိုယ်တိုင် တတ်မက် ဒီခံစားချက်အား ရင်ထဲမှာပွေ့ဖက်ရင်း.....
သူပြောတဲ့ အချစ်ဆိုတာ ၊ ငါရင်မှာတစ်ကယ်ဖြစ် ဒီအချစ်ဒီအဖြစ်ကို
ချွင်းချက်မရှိအောင် သူ့ ကိုလေ ဂရုစိုက် ရူးမိုက်စွာချစ်ခဲ့မိ....
ရင်ထဲက ဒိအချစ်ဒီအဖြစ်အား သူတစ်ယောက်သိရအောင် ဖွင့်ဟကာ ရေးချလိုက်ပါ၏.......!
" ရိုးသားမှု ရှေ့တန်းတင်
ဖြုစင်သည့် ငါ့နှလုံးသား
သူ့ အတွက် ပေးဆပ်ကာ
ရေးစပ်သည့် ဤစာသား
သူတစ်ယောက်သိပါစေသား ! "
ရိုးသားခြင်းရှေးရှု့ကာဖေးကူရန် ကမ်းလှမ်း
ဖြုစင်ခြင်း ချစ်ခြင်းတရား သူ့ထံမှာ လျှောက်ထားကာ
စောင့်စားကာမျှော်နေတာ သူတစ်ယောက်သိပါစေလိုသား
အရာရာဆုံးဖြတ် ကိုယ့်အတွက်ကိုယ်မကြည့် သူအတွက်ဦးစားပေး
ရှေ့ရေးအတွက်စဉ်းစားတာ သူတစ်ယောက် သိပါစေလိုသား
သူ့ဆီမှ ပြန်ရရန် ဘာကိုမှ မမျှော်ကိုး ရင်ခုန်သံထပ်ထထပ်တိုးပြီး
ရင်ခြင်းရပ်တန့် ငါ၏ နောက်ဆုံးထွက်သက်ထိ ချစ်နေမှာသူ့ကိုပဲ....
သူတစ်ယောက်သိပါစေလိုသား........
တစ်ယောက်သောသူ သိစေဖို့...

အမေ

သားကို သတိရခွင့်ပြုပါ အမေ
လူတကာရဲ့ အလယ် ခေါင်းမော့ကာ ရင်ကိုကော့လို့
လိုအင်တွေ မရှိရလေအောင်
သား၏ဘ၀ သား၏ခန္ဓာ သား၏သွေးသားတွေနဲ့
အမေ့ကို ထာဝရ ကျေးဇူးဆပ်ခွင့်ပြုပါ အမေ.....
ဒီအရွယ် လူတွေရဲ့ အလယ် သားမျက်နှာမငယ်အောင်
ပြုစုပျိုးထောင်ပေးခဲ့တဲ့ အမေ့ရဲ့ ဂရုဏာအရိပ်ကို
သားထာဝရ သတိရနေပါတယ် အမေ....
လိုချင်တာကိုတွေ့လိုက်တဲ့အခါ ပထမဦးဆုံး
မြင်လိုက်မိတာ အမေ့မျက်နှာပါ.....
ငယ်ရွယ်စဉ်က လိုချင်တာကိုပူစာတဲ့အခါ
အမေ့ ခမျာ မရှိရှိတာ ရှာကြံကာဝယ်
သား၏ဆန္ဒ သား ပျော်ရအောင် ဖြည့်ဆည်းပေးတာ
ကျွန်တော့် မေမေပါ.......
အရွယ်ရောက်လို့ လူလားမြောက်ကာ အမေ့ရိပ်မှ သားထွက်ခွါ
ရှာဖွေတက်လာ ၀င်ငွေများစွာ
လက်ဝယ်ကိုင်သုံး ဆန္ဒမျိုးစုံ
ပြည့်စုံပြည့်ဝ ပျော်ရွှင်လို့သာ
တစ်နေ့သောအခါ အမေ့ ခမျာ
ရေးကြီးသုတ်ပျာကိစ္စတစ်ခု
ဖြေရှင်းမတတ် သားကြီးထံ
ဖုန်းဆက်ခေါ်ကာ ပြောပြသောအခါ
အကြောင်းအမျိုးမျိုးပြ အမေ့ဆန္ဒအား
အမေ့ ခမျာစိုးရိမ်စိတ်ဝင်ကာ
သားလေးအား မငြိုငြင်ရှာပြောခဲ့တာ
အမေ့မှာ တိုင်ပင်စရာ သားပဲရှိတာ.....

အမေပေးတဲ့ အားမာန် အမေပြောတဲ့စကား
သားနားထဲ ကြားယောင်မြဲ
ဒီနေ့ထိကြိုးစား ရိုးသားစွာ ရပ်တည်ရင်း
အမေရယ်...
အမေ့ဆန္ဒ အမေ့ရဲ့ကျေးဇူးအား သားပေးဆပ်ခွင့်ပြုပါ။
အဝေးတစ်နေရာမှ အမေ့ရဲ့နွေးထွေးတဲ့ ရင်ခွင်ကို

တမ်းတမျှော်လင့်နေတ
ဲ့
အမေချစ်တဲ့သားကြီး

ဘ၀အတွက် လထွက်ချိန်စောင့်ဆိုင်း


ကြမ်းရှတဲ့ လမ်းမမှာ ရိုးသားစွာလမ်းလျှောက်
လမ်း မပျောက်အောင် လှမ်းလျှောက်ရင်း
အကြိမ်ကြိမ်ခါ ကြုံဆုံလာခဲ့ရတဲ့
အသိတရားလေးတွေအတွက်
အတွေ့အကြုံ မပြည့်စုံသေးတော
အများမြင်သမျှ ပြင်ပေးကြရင်တော့
ကျွန်တော့်ဘ၀ တကယ်လှပြီး
ဘယ်သူရေးရေး ဒီ ဘလောက် လေးထဲ
ရဲရဲသာ ၀င်ခဲ့ကြပါ...


စရိုက်စုံ ရင်ငွေ့ခြုံ
ခိုလုံလို့ ကြီးပြင်း အသိုက်အတွင်းကလူတွေ
မိုက်တွင်းနက်နေကြပုံက
အမှိုက်ပစ်သူပြစ်
အမှိုက်ချစ်သူချစ်
အသိုက်ပြစ်သူပြစ် ဝေးလွင့်နှစ်ကြာ
ဘယ်သူဟာ အသိုက်ကိုချစ်တာလဲ။
တစ်ခုမိုက် တစ်သိုက်လုံး သိမ်းကြုံးဆွဲညှစ်
ရက်...လ...နှစ် ပြစ်ပြစ်နှစ်နှစ်
ခါးသက်ရင့်သီး ကြီးပြင်းပြီင်္းပြီ
ရမ်းရောင် ခေါင်းထောင်ကြည့်ခွင့်
သင်ခဲ့ရဘူးလား ( သင်ရခဲ့ဘူးလား )


အမှားအယွင်းရှိနေပါသည်


ဥခွံဟာ ကျဉ်းမြောင်း
ခေါင်းတောက်အောင် ရုန်းကန်
ကိုယ့် ဥခွံ ကိုယ်ပြန်ကြည့် ဘာမှ မရှိ ခဲ့ဘူးဘူး
ဒါဏ်ရာ ဗရပွ ရုန်းမထနိုင်
မှိုင်းတိုက်ခံရေတာ ငါတို့
အသိုက်အမြုံဟာ ဘယ်မှာလုံခြုံးသေးလဲ
မိုက်မဲပြီး အမှိုက်ထဲမှာ
ရုန်းထွက်သင့် ကြာပေါ့
အနေဝေးတဲ့ တို့သွေးတွေရော
သူများ နှာခေါင်းဝနဲ့ အသက်ရှုမ၀သေးတာလား
ေ၀၀ါးမိုက်မဲ လေထဲမှာနေ
လေထဲမှာပဲ အသေခံကြမလား
အတွေးများလွန်းလို့
ငါတို့အသိုက်အမြုံအမှိုက်ပုံ လုံးလုံးဖြစ်
နွမ်းညစ်ဆုတ်ပြတ် အဆုံးဖြတ် ပေးကြပါ၊၊

ဖြစ်တည်မှု့ 

Tuesday, February 24, 2009

ဘ၀၏ ၀မ်းရေးအတွက်
ကြမ်းတမ်းခြင်း ရိုက်ခတ်မှု့ 
ရိုးသားခြင်းဘ၀ တစ်ခုကို
ရပ်တည်ကာ ရှာဖွေရင်း
ကျွန်တော်၏ ၀ါသနာ
ဤကွန်ပျူတာနှင့် ရှာဖွေကာမှတ်စု
သိသမျှ သိမ်းစုကာ
မတတ်တခေါက် မပြည်စုံ
ကျွန်တော်၏ အာရုံ နှင့် ရှိသမျှအားအင်
စွမ်းအားနဲ့ ကြိုးစားရင်း ရေးခဲ့

ဤ ဘလောက်အား
ချစ်ညီ၏ အကူအညီနဲ့
အမှတ်မထင်နေ့တစ်နေ့မှာ
ကျွန်တော်၏ အာရုံရှိသမျှ
အကုန်အား သူတို့များသိရအောင်
မပြည့်စုံ ကျွန်တော်၏ ဥာဏ်အကုန်နှင့်
ကြိုးစားကာ ရေးချလိုက်ပါတယ်...

ညီရဲ့ ထာဝရ အမှတ်တရ

Friday, January 16, 2009


အကောင်းဆုံး မဟုတ်ခဲ့ရင်တောင်မှ အတတ်နိုင်ဆုံးကြိုးစားရင်း ပေးခဲ့တဲ့ ကျွန်နော့ ရဲ့
အမှတ်တရလေး၊

 
Photobucket ဒီအိမ်လေးကိုရောက်လို့ သင့်အတွက်တစ်ခုခု ရသွားရဲ့လာ နောင်တ အပါဝင်ပေါ့
Created By Co2zeиith ဆက်သွယ်ရန် co2zenith@gmail.com
Templates Co2zeиith Myanmar Blogger